Author Archives: Proven Myanmar

Thadingyut present for Employee (Oct-2021)

Proven Group of Companies (TOYO and LION Battery) နှင့်ညီနောင်ကုမ္ပဏီများ၏ ဝါလကင်းလွတ်သီတင်းကျွတ် အခါသာမယ အတွက် ဝန်ထမ်းများအား ဝါကျွတ်လက်ဆောင်များ ပေးအပ်ခြင်းဖြစ်ပါသည်။

Covid Care Package for Employees (Sep-2021)

Proven Group of Companies သည်ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အထူးဂရုပြုဆောင်ရွက်သည့်အနေဖြင့် မိမိတို့ဝန်ထမ်းများ ကိုဗစ်၁၉ ကူးစက်မှုမှ ကင်းဝေးစေရေးအတွက် Oximeter, Hand Sanitizer, Mask များအပြင် ကိုဗစ်၁၉ ရောဂါကူးစက်ခံရ၍ Oxygen လိုအပ်မှုရှိလာခဲ့ပါက O2 Gas Cylinder 40 Liter (Gas)အပါ ငှားရမ်းမှုများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ရောဂါဘယများကင်းဝေး၍စိတ်နှလုံးချမ်းမြေ့ပါစေကြောင်းဆုတောင်း မေတ္တာပို့အပ်ပါသည်။

Over 90% of the employees are fully vaccinated

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားခြင်းသည် မိမိကိုယ်တိုင်နှင့် မိသားစု၊ လုပ်ငန်းခွင်တွင် ရောဂါကူးစက်ပျံ့ပွားခြင်းကို အထိရောက်ဆုံးကာကွယ်ပေးနိုင်သောအဓိက သော့ချက်ဖြစ်သည့်အတွက် ကျွန်ုပ် တို့ Proven Group of Companies ( Toyo and Lion Battery)၏ ဝန်ထမ်းများ၊ ၄င်းတို့၏ မိသားစုဘေးကင်းလုံခြုံမှုရှိစေရန်နှင့် Customersများ၏ ကျန်းမာရေးကို အလေးထားဆောင်ရွက်မှုပေးနိုင်ရန် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို စက်တင်ဘာလ(၃)ရက်၊၂၀၂၁ ခုနှစ်တွင်ပြုလုပ်ခဲ့ပါသည်။

Oxygen Cylinder and Gas Donation (Aug-2021)

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် Oxygen Generation Task Force Committee (OGTFC) သို့ Proven Group of Companies မှ Oxygen Cylinder (40)Liters အသစ် အလုံး (၂၀) နှင့် Oxygen Gas အလုံး (၂၀၀) အား COVID-19 ကာလအတွင်း အောက်ဆီဂျင်လိုအပ်သောလူနာများ အသုံးပြုနိုင်ရန် မေတ္တာတရားဖြင့် လှူဒါန်းပါသည်။

“World Environment Day”(Jun-2021)

ဂေဟစနစ်များကိုကာကွယ်စောင့်ရှောက်ခြင်းသည်ကူးစက်ရောဂါများဖြစ်ခြင်းကိုကာကွယ်ပေးပြီးပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်ရည်ရွယ်၍  Proven Group of Companies    မှလည်း ယနေ့ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သော “World Environment Day” တွင်တစ်ထောင့်တစ်နေရာမှပါဝင်ခဲ့ပါသည်။

ပွင့်လင်းမြင်သာမှုကို ဆန်းစစ်သည့် ပွင့်သစ်စ အစီရင်ခံစာ ၂၀၂၀ တွင် Proven Group Of Companies သည် အဆင့် (33) နေရာမှ (18) နေရာ သို.တက်လှမ်း ရပ်တည်လျက်ရှိ

Myanmar Centre for Responsible Business (MCRB) နှင့် Yever တို့မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို ဆန်းစစ်သည့် “ပွင့်သစ်စ အစီရင်ခံစာ ၂၀၂၀” တွင် မြင့်မားသော အကဲဖြတ်ရမှတ်များဖြင့် Proven Group Of Companiesသည် အဆင့် (18) နေရာတွင် ရပ်တည်လျက်ရှိပါသည်။

အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ကော်ပိုရိတ်ဆိုင်ရာ ထုတ်ဖော်ကြေညာခြင်း (corporate disclosure) နှင့် ပတ်သက်၍ ရည်မှန်းချက် အမြင့်ဆုံးသော အများပြည်သူဆိုင်ရာ အစီရင်ခံစာတစ်စောင် ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီပေါင်း (၂၆၀) ခု တို့၏ ကုမ္ပဏီဝက်ဘ်ဆိုဒ်များတွင် ဖော်ပြထားသည့် သတင်းအချက်အလက်များကို အကဲဖြတ် စစ်ဆေးထားခြင်းဖြစ်ပါသည်။

Proven Group Of Companies သည် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး အတွက် ပိုမိုခိုင်မာကောင်းမွန်သော ကော်ပိုရိတ် အစဥ်အလာ ဖန်တီးတည်ဆောက်ခြင်း၊ ထိရောက်မြန်ဆန်သော ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် ဖော်ဆောင်လုပ်ကိုင်ခြင်းတို့ကို အစဥ်တစိုက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ မျှော်မှန်းချက်များနှင့် ပိုမိုကောင်းမွန်သော ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာလုပ်ဆောင်ချက်များ ဖော်ပြပါရှိသည့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အစီရင်ခံတင်ပြခြင်း (sustainability reporting) ကိုလည်း Proven Group Of Companies ကုမ္ပဏီဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားရှိပါသည်။

ယခုကဲ့သို့ ပွင့်လင်းမြင်သာမှုကို ဆန်းစစ်သည့် “ပွင့်သစ်စ အစီရင်ခံစာ ၂၀၂၀” တွင် အဆင့်(၁၈)နေရာတွင် အသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူ၀မ်းမြောက်မိပါသည်။
ကျွန်ုပ်တို့နှင့်အတူ ပိုမိုကောင်းမွန်သော စီးပွားရေးရပ်ဝန်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လူမှုပတ်ဝန်းကျင်ကောင်းဖြစ်စေရေး အတူပူးပေါင်းပါဝင် ဆောင်ရွက်ကြပါသော ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်အပ်ပါသည်။ ဆက်လက်၍လည်း ခိုင်မာတဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု၊ ပွင့်လင်းမြင်သာမှုတို့အပေါ်ထားရှိအပ်သော ကျွန်ုပ်တို့၏ ကတိက၀တ်ကိုဆက်လက် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။