Author Archives: Proven Myanmar

Proven Group of Companies ၏ စုပေါင်းသွေးလှူဒါန်းပွဲ

Proven Group of Companies ၏လူမှုအကျိုးပြုလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ❝သင့်သွေးဖြင့် အသက်ကယ်ပါ ❞ ဟူသော ဆောင်ပုဒ်နဲ့အညီ ၂၀၂၄ခုနှစ် မတ်လ (၁) ရက်နေ့တွင် အမျိုးသားသွေးလှူဘဏ်(ရန်ကုန်) ၌စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပူးပေါင်းပါဝင်လှူဒါန်းပေးပါသော Proven Group of Companies မှ အဖွဲဝင်လူကြီးများနှင့်တကွ ဝန်ထမ်းများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်။

Proven Group of Companies (TOYO Battery) မှရရှိခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် UMFCCI ၏ Corporate Social Responsibility (CSR) အဖွဲ့တို့မှ ပေးအပ်သော မြန်မာနိုင်ငံအတွင်း ငှက်ဖျားရောဂါပပျောက်ရေးဆိုင်ရာ ထောက်ပံ့ရေး (RAI3 Public- Private Partnership Project) တွင် ပုဂ္ဂလိကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို Proven Group of Companies (TOYO Battery) မှ ရရှိခဲ့ပါသည်။

Proven Group of Companies ၏ 2023 Annual Staff Party အား ၂၃.၁၂.၂၀၂၃ ခုနှစ် တွင် ရန်ကုန်မြို့ အင်းလျားလမ်းရှိ Yangon Boat Club တွင် ပြုလုပ်ကျင်းပခဲ့ပါသည်

Proven Group of Companies ၏ ညီနောင် ကုမ္ပဏီအသီးသီးတွင် ရှိကြသည့် ဝန်ထမ်းညီအစ်ကို မောင်နှမများအား ၂၀၂၃ ခု နှစ် တစ်နှစ်တာအတွင်း အကောင်းဆုံးထူးချွန်ဆုများ(Management Level, Supervisor Level, Coordinator Level, Office Staff & Helper Level) နှင့် လုပ်သက် (၂၀) နှစ် နှင့်အထက် ဝန်ထမ်းများအတွက် ဆုချီးမြှင့်ခြင်း၊ တစ်နှစ်တာအတွင်း ရက်မပျက် ဆုချီးမြှင့်ခြင်းများ အပြင် Proven Group of Companies ၏ Theme Song အား အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်ခြင်းများ ဖြင့် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် Proven Group of Companies CEO မှ နှုတ်ခွန်းဆက်စကားနှင့် တက်ရောက်လာကြသော ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အတွက် ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများအတွက် သက်ဆိုင်ရာ Board of Director များ Executive Director များ မှ အမှတ်တရ ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ညစာသုံးဆောင်ခြင်း၊ သီချင်းသီဆိုယှဉ်ပြိုင်ခြင်း၊ Lucky Draw အစီအစဉ်များ ကျင်းပခြင်းတို့ ဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

CUSTOMER APPRECIATION DINNER – Strand Hotel (Mawlaying) 2023

PROVEN DISTRIBUTION CO., LTD.( A Member of Proven Group ) မှ (17.11.2023) သောကြာနေ့တွင် မော်လမြိုင်မြို့ရှိ " Strand Hotel ” ၌အရောင်းကိုယ်စားလှယ်ကြီးများ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်

 

Proven Group Of Companies မှ ဝန်ထမ်းမိသားစုများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်း

Proven ဝါလကင်းလွတ် သီတင်းကျွတ်ရက်မြတ် အခါသမယမှာ Proven Group Of Companies အတွင်းရှိ
ဝန်ထမ်းပေါင်း ( ၁,၀၀၀ ) ကျော်အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ( ၃၀၀ ) ကျော်တန်ဖိုးရှိ ဆန်၊ ဆီအခြေခံစားသောက်ကုန်များပံ့ပိုးပေးခဲ့ပါသည်။
Proven Group Of Companies အတွင်းရှိလုပ်ဖော်ကိုင်ဖက်မိသားစုဝင်များအားလုံး နှင့် Proven Group Of Companies မှဖြန့်ဖြူးလျှက်ရှိသော ထုတ်ကုန်ပစ္စည်းများအား ယုံကြည်စွာအားပေးကြတဲ့ ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း၊ စီးပွါးလာဘ်လာဘများတိုးပွါးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။