Proven Group of Companies အနေဖြင့် ၂၀၂၄ ခုနှစ်၏ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် (၃)လတစ်ကြိမ်
ထုတ်ဝေသည့် Newsletter ဖြစ်ပါသည်။
Proven Group of Companies အနေဖြင့် ၂၀၂၄ ခုနှစ်၏ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် (၃)လတစ်ကြိမ်
ထုတ်ဝေသည့် Newsletter ဖြစ်ပါသည်။
Proven Group of Companies ၏လူမှုအကျိုးပြုလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ❝သင့်သွေးဖြင့် အသက်ကယ်ပါ ❞ ဟူသော ဆောင်ပုဒ်နဲ့အညီ ၂၀၂၄ခုနှစ် မတ်လ (၁) ရက်နေ့တွင် အမျိုးသားသွေးလှူဘဏ်(ရန်ကုန်) ၌စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပူးပေါင်းပါဝင်လှူဒါန်းပေးပါသော Proven Group of Companies မှ အဖွဲဝင်လူကြီးများနှင့်တကွ ဝန်ထမ်းများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်။
Proven Group of Companies အနေဖြင့် ၂၀၂၃ ခုနှစ်၏ အောက်တိုဘာ၊ နိုင်ဝင်ဘာ၊ ဒီဇင်ဘာလတို့အတွက် (၃)လတစ်ကြိမ်
ထုတ်ဝေသည့် Newsletter ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် UMFCCI ၏ Corporate Social Responsibility (CSR) အဖွဲ့တို့မှ ပေးအပ်သော မြန်မာနိုင်ငံအတွင်း ငှက်ဖျားရောဂါပပျောက်ရေးဆိုင်ရာ ထောက်ပံ့ရေး (RAI3 Public- Private Partnership Project) တွင် ပုဂ္ဂလိကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို Proven Group of Companies (TOYO Battery) မှ ရရှိခဲ့ပါသည်။
Proven Group of Companies ၏ ညီနောင် ကုမ္ပဏီအသီးသီးတွင် ရှိကြသည့် ဝန်ထမ်းညီအစ်ကို မောင်နှမများအား ၂၀၂၃ ခု နှစ် တစ်နှစ်တာအတွင်း အကောင်းဆုံးထူးချွန်ဆုများ(Management Level, Supervisor Level, Coordinator Level, Office Staff & Helper Level) နှင့် လုပ်သက် (၂၀) နှစ် နှင့်အထက် ဝန်ထမ်းများအတွက် ဆုချီးမြှင့်ခြင်း၊ တစ်နှစ်တာအတွင်း ရက်မပျက် ဆုချီးမြှင့်ခြင်းများ အပြင် Proven Group of Companies ၏ Theme Song အား အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်ခြင်းများ ဖြင့် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် Proven Group of Companies CEO မှ နှုတ်ခွန်းဆက်စကားနှင့် တက်ရောက်လာကြသော ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အတွက် ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများအတွက် သက်ဆိုင်ရာ Board of Director များ Executive Director များ မှ အမှတ်တရ ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ညစာသုံးဆောင်ခြင်း၊ သီချင်းသီဆိုယှဉ်ပြိုင်ခြင်း၊ Lucky Draw အစီအစဉ်များ ကျင်းပခြင်းတို့ ဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။