Proven Group of Companies ၏ 2023 Annual Staff Party အား ၂၃.၁၂.၂၀၂၃ ခုနှစ် တွင် ရန်ကုန်မြို့ အင်းလျားလမ်းရှိ Yangon Boat Club တွင် ပြုလုပ်ကျင်းပခဲ့ပါသည်

Proven Group of Companies ၏ ညီနောင် ကုမ္ပဏီအသီးသီးတွင် ရှိကြသည့် ဝန်ထမ်းညီအစ်ကို မောင်နှမများအား ၂၀၂၃ ခု နှစ် တစ်နှစ်တာအတွင်း အကောင်းဆုံးထူးချွန်ဆုများ(Management Level, Supervisor Level, Coordinator Level, Office Staff & Helper Level) နှင့် လုပ်သက် (၂၀) နှစ် နှင့်အထက် ဝန်ထမ်းများအတွက် ဆုချီးမြှင့်ခြင်း၊ တစ်နှစ်တာအတွင်း ရက်မပျက် ဆုချီးမြှင့်ခြင်းများ အပြင် Proven Group of Companies ၏ Theme Song အား အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်ခြင်းများ ဖြင့် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် Proven Group of Companies CEO မှ နှုတ်ခွန်းဆက်စကားနှင့် တက်ရောက်လာကြသော ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အတွက် ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများအတွက် သက်ဆိုင်ရာ Board of Director များ Executive Director များ မှ အမှတ်တရ ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ညစာသုံးဆောင်ခြင်း၊ သီချင်းသီဆိုယှဉ်ပြိုင်ခြင်း၊ Lucky Draw အစီအစဉ်များ ကျင်းပခြင်းတို့ ဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။