ခဲဆိပ်အန္တရာယ် သတိပြု၍ ဘေးကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်များကို အတူတကွ ဖန်တီးကြပါစို့

Lead Poisoning Prevention Awareness Campaign 2026

“From Detection to Prevention”

Proven Group of Companies Limited မှ ဦးဆောင်ကြီးမှူး၍ TOYO နှင့် Lion Battery များ၏ ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ပြန်လည်အသုံးပြုနိုင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ညီနောင်ကုမ္ပဏီများဖြစ်ကြသော Proven Technology Industry Co., Ltd.၊ Proven Distribution Co., Ltd.၊ Proven Polyworld Co., Ltd. နှင့် Yangon Metal Industry Co., Ltd. တို့ ပူးပေါင်းကာ **“ခဲဆိပ်အန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု (Lead Poisoning Prevention Awareness Campaign 2026)”** ကို ဆောင်ရွက်ခဲ့ကြပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ **အပြည်ပြည်ဆိုင်ရာ ခဲအဆိပ်သင့်မှု ကာကွယ်ရေး ရက်သတ္တပတ် (International Lead Poisoning Prevention Week – ILPPW)** ဖြစ်သည့် **၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်မှ (၂၄) ရက်အထိ** ကာလအတွင်း ညီနောင်ကုမ္ပဏီအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ခဲနှင့်ထိတွေ့မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်အလေ့အကျင့်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကို ကုမ္ပဏီအသီးသီးတွင် ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် **၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့** တွင်လည်း ရန်ကုန်မြို့ရှိ ဘက်ထရီလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်များသို့ သွားရောက်ကာ ခဲနှင့်ထိတွေ့မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ပိုမိုသတိပြုမိစေရန်၊ ခဲအဆိပ်သင့်မှုကို ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်အလေ့အကျင့်များ ပိုမိုထွန်းကားလာစေရန် ရည်ရွယ်၍ **အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လုပ်ငန်းခွင်အတွင်း အသိပညာပေးဆွေးနွေးခြင်းများ** ကို ဆောင်ရွက်ခဲ့ကြပါသည်။

Proven Group of Companies Limited အနေဖြင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ **ISO 45001:2018** စံသတ်မှတ်ချက်များနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ **ISO 14001:2015** စံသတ်မှတ်ချက်များကို အလေးထားလိုက်နာလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

**“ကျန်းမာသော ဝန်ထမ်းများ၊ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များနှင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်”** ကို ဖော်ဆောင်နိုင်ရန် Proven Group of Companies Limited နှင့် ညီနောင်ကုမ္ပဏီများသည် ဝန်ထမ်းများ၊ လုပ်ငန်းမိတ်ဖက်များနှင့် လူမှုအသိုင်းအဝိုင်း၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အသိပညာပေးလှုပ်ရှားမှုများနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

**ခဲဆိပ်အန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်းဖြင့် ပိုမိုကျန်းမာပြီး ဘေးကင်းလုံခြုံသော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။**