မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးအတွက် ဆွေးနွေးခြင်း အခမ်းအနား

Proven Group of Companies ၏ Group CEO မှ ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီးမော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းရန်ကိစ္စရပ်များ ဆွေးနွေးခြင်းအခမ်းအနားအား ၂၅-၁၀-၂၀၂၂ ခုနှစ် (အင်္ဂါနေ့) ၊ နေ့လည် (၀၁:၀၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ လမ်း ၈၀-၂၃လမ်းထောင့်ရှိ ကရဝိတ်ကဖေး တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်အပိုပစ္စည်းရောင်းချသည့်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်အလှဆင်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်ပြုပြင်တပ်ဆင်သည့် လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးအတွက် တက်ရောက်လာသော ဧည်သည့်တော်များနှင့် ဆွေးနွေးခဲ့ကြပါသည်။