Proven Group of Companies Ltd. နှင့် ညီနောင်ကုမ္ပဏီများ၏ (၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း

Proven Group of Companies Ltd. နှင့် ညီနောင်ကုမ္ပဏီတွေဟာ ကော်ပိုရိတ်လူမှုရေးတာဝန်ယူမှု (CSR) ဆိုင်ရာလုပ်ငန်းများကို နှစ်စဉ်အစီအစဉ်များရေးဆွဲကာ ဆောင်ရွက်လျက် ရှိသည့်အနက် သွေးလှူဒါန်းခြင်းမှာလည်း ကျန်းမာရေးဆိုင်ရာအထောက်အပံ့ ကဏ္ဍတစ်ရပ်အနေဖြင့်ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ်သည် (၅)ကြိမ်မြောက်ကျင်းပနိုင်ခဲ့ခြင်းပြီဖြစ်ပါသည်။
❝အသက်တွေကယ်ဖို့ သွေးလှူစို့ - LIFE UP! DONATE BLOOD❞ ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် အမျိုးသားသွေးလှူဘဏ်(ရန်ကုန်မြို့) နှင့် အထွေထွေရောဂါကု ဆေးရုံကြီး (မန္တလေးမြို့) တို့၌ သန့်စင်သော သွေးအိတ်ပေါင်း (၁၀၀) ကျော် လှူဒါန်းခဲ့ကြပါသည်။

ထို့ပြင် Proven Group ၏ မိသားစုဝင်များအနက်မှ (၁၀)ကြိမ်နှင့်အထက် သွေးလှူထားသည့် ဝန်ထမ်းများအနက်မှ အများဆုံး ဝန်ထမ်း(၃)ဦးကိုလည်း အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြပါသည်။ ပူးပေါင်းပါဝင်အားဖြည့်ပေးကြသည့် Customer ကြီးများနှင့်တကွ သွေးလှူဒါန်းပေးကြပါသော Proven Group of Companies Ltd. နှင့် ညီနောင် ကုမ္ပဏီ အသီးသီးမှ အဖွဲ့ဝင်လူကြီးမင်းများနှင့်ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။