Industrial Training –Technological University (Hmawbi) Students at Proven Technology Industry Co., Ltd.

နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ဒုတိယနှစ် (Semester III) ကျောင်းသား/သူ (၅၂)ဦးနှင့် ကြီးကြပ်သူ ဆရာမ (၅)ဦးတို့သည် ၂၂-၄-၂၀၂၆ မှ ၁၁-၅-၂၀၂၆ အထိ အုပ်စု (၂)စုခွဲ၍ Proven Group of Companies Ltd. ၏ ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် TOYO နှင့် Lion ဘက်ထရီအမှတ်တံဆိပ်များ ထုတ်လုပ်လျက်ရှိသော Proven Technology Industry Co., Ltd. ၏ စက်ရုံသို့ Industrial Training အတွက် လာရောက်လေ့လာခဲ့ကြပါသည်။

အဆိုပါ Training အစီအစဉ်အတွင်း ဌာနအသီးသီးတွင် ကျင့်သုံးလျက်ရှိသည့် System များ၊ Standard များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံဆောင်ရွက်ထားမှုများ၊ ရေရှည်  တည်တံ့ခိုင်မြဲမှု (Sustainability) ဆိုင်ရာ လုပ်ဆောင်ချက်များနှင့် နည်းပညာဆိုင်ရာnအကြောင်းအရာ များကို ရှင်းလင်းတင်ပြဆွေးနွေးပေးခဲ့ပါသည်။ ထို့ပြင် ကျောင်းသား/သူများအနေဖြင့် ဘက်ထရီ ထုတ်လုပ်သည့် Production Line တစ်ခုချင်းစီ၏ လုပ်ငန်းစဉ်များနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက်များကို လက်တွေ့လေ့လာနိုင်ရန် စက်ရုံအတွင်းလှည့်လည်ကြည့်ရှု လေ့လာစေ ခဲ့ပါသည်။

ဤ Industrial Training မှတစ်ဆင့် လူငယ်များ၏ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် အသုံးပြု လျက်ရှိသည့် နည်းပညာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအပေါ် စိတ်ဝင်စားမှုများ၊ ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို ဖန်တီးလိုသည့် စိတ်အားထက်သန်မှုများကို တွေ့မြင်ရသည့်အတွက် Proven Group of Companies Ltd. မိသားစုဝင်များအနေဖြင့် အသိပညာနှင့် အတွေ့အကြုံများကို မျှဝေခွင့်ရရှိခဲ့ခြင်းအပေါ် အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ထို့အပြင် Industrial Training တက်ရောက်ခဲ့ကြသည့် ကျောင်းသား/သူတစ်ဦးချင်းစီအား Training Completion Certificate များကိုလည်း ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။