Huawei’s Workshop for Installers & Owners

၂၀၂၆ ခုနှစ် မေလ (၁၄) ရက်နေ့၊ ကြာသပတေးနေ့တွင် Huawei မှ တောင်ကြီးမြို့၌ ကျင်းပပြု လုပ်သည့် Commercial & Industrial Solar and Energy Storage System Workshop for Installers & Owners အခမ်းအနားတွင် Proven Group of Companies Ltd. ၏ ညီနောင်ကုမ္ပဏီ ဖြစ်သော Proven Energy Co., Ltd. မှ ပူးပေါင်းပါဝင်ကာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးခဲ့ပါသည်။

Proven Distribution Co., Ltd. သည် Huawei Digital Power Sales Partner Program ၏ Authorized Partner Smart PV တစ်ဦးဖြစ်ပြီး အဆိုပါ Workshop တွင် Proven Group ၏ Group CEO ဖြစ်သူ ဦးသန်းထိုက်လွင် မှ Energy Storage လုပ်ငန်းများနှင့် Sustainable Energy Solutions များအပေါ် ကုမ္ပဏီ၏လက်ရှိဆောင်ရွက်နေမှုများ၊ အတွေ့အကြုံများနှင့် အနာဂတ် ရည်မှန်းချက်များကို မျှဝေဆွေးနွေးခဲ့ပါသည်။

ထို့အပြင် Proven Distribution ၏ Display Corner တွင် Solar & Energy Products များကို ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် Installers များ၊ Business Owners များနှင့် Industry Stakeholders များအား Renewable Energy Technologies များနှင့် Sustainable Energy Solutions များအကြောင်း အသေးစိတ် မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။

Proven Group အနေဖြင့် မြန်မာနိုင်ငံ၏ Renewable Energy Sector ဖွံ့ဖြိုးတိုးတက်ရေးနှင့် Sustainable Energy Solutions များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့အပြင် အဆိုပါ Workshop သို့ ဖိတ်ကြားပေးခဲ့သည့် Huawei မှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။