YRYEA အသင်းမှ Factory Tour လာရောက်လည်ပတ်ခြင်း
Proven Group of Companies Ltd. ၏ ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Yangon Metal Industry Co., Ltd. သို့ ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA)အသင်းအနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် Factory Tour ကို လာရောက်ခဲ့ပါသည်။ ယင်း Factory Tour တွင် စက်ရုံမှူးမှ စက်ရုံဆိုင်ရာ သိကောင်းစရာများ၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် စက်ရုံလည်ပတ်သည့်အခါ လိုအပ်သည့် Safety ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို Presentation နှင့်တကွတင်ပြခဲ့ပြီးနောက် စက်ရုံအား ကွင်းဆင်းလေ့လာကြည့်ရှုလေ့လာမှုများကို ပြုလုပ်ခဲ့ကြပါသည်။




