အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

Proven Group of Companies Ltd. သည် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ကျင့်ဝတ်နှင့်အညီ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

ယင်းရည်ရွယ်ချက်များနှင့်အညီ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ သို့ Proven Group of Companies Ltd. မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲမှတစ်ဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာများ၊ လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးသင့်သည့် ကျင့်ဝတ်စံနှုန်းများနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို လေ့လာမျှဝေခွင့် ရရှိခဲ့ပါသည်။

Proven Group of Companies Ltd. အနေဖြင့်လည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စီးပွားရေးကျင့်ဝတ်ဆိုင်ရာ စံနှုန်းများ ကို အလေးထားလျက် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ပိုမိုခိုင်မာလာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။