၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အနုပညာနှင့် စာပေ စွမ်းရည်ပြိုင်ပွဲမှ ဆုရရှိခဲ့သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်း
Proven Group of Companies မှ ဦးဆောင်၍ ညီနောင်ကုမ္ပဏီများနှင့်အတူ (၄)ကြိမ်မြောက် ကျင်းပသည့် ဝန်ထမ်း သား/သမီး ကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းသား/ သမီးများ၏ အနုပညာနှင့် စာပေစွမ်းရည်ပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းစသည့် အခမ်းအနားကို 27th June, 2025 (စနေနေ့)တွင် Toyo and Lion Battery ထုတ်လုပ်သည့် ရွှေပြည်သာစက်မှုဇုန် (၁)အတွင်းရှိ စက်ရုံတည်ရှိရာ Proven Technology Industry Co., Ltd. – Plant II (Conference Room) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Proven Group အနေဖြင့် ယခုကဲ့သို့ ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို နှစ်စဉ်ကျင်းပပြု လုပ်ခဲ့ပြီး ယခုနှစ်တွင် သားငယ်/သမီးငယ် စုစုပေါင်း (၂၈၆) ဦးအတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ်သိန်း (၁၇၀) ကျော်တန်ဖိုးရှိ ကျောင်းသုံးပစ္စည်းများကို ပညာသင်နှစ် အတန်းကြီး/ငယ်အလိုက် လိုအပ်မှုအပေါ်မူတည်၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
15th May 2026 (Friday) ရက်နေ့တွင် ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် Proven Technology Industry Co., Ltd. နှင့် Proven Polyworld Co., Ltd. တို့၏ ဝန်ထမ်းသား/သမီးများ၏ အနုပညာနှင့် စာပေစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ဆုရရှိခဲ့သည့် သားငယ်သမီးငယ်များကိုလည်း ဆုချီးမြှင့်ခြင်း အစီအစဉ်ကိုပါ ပူးတွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
Proven မိသားစုဝင်များ၏ ပညာရေးကဏ္ဍကို တစ်ထောင့်တစ်နေရာမှ ကူညီထောက်ပံ့ပေးနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြှောက်သကဲ့သို့အခမ်းအနားသို့ တက်ရောက်ပေးခဲ့သည့် အမှုဆောင် ဒါရိုက်တာများ၊ ဝန်ထမ်းများနှင့် သားငယ်/သမီးငယ်လေးများအားလုံးကို Proven Group မိသားစုမှ အထူးပင်ကျေးဇူး တင်ရှိပါသည်။


















