ကျင့်ဝတ်စည်းကမ်းဆိုင်ရာ အသိပညာပေးသင်တန်း

Proven Group of Companies Ltd. သည် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် (Corporate Governance) ကို အကောင်အထည်ဖော်ကျင့်သုံးလျက်ရှိပြီး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျင့်ဝတ်စည်းကမ်းများနှင့်အညီ တာဝန်ယူမှုရှိစွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်စေရန် အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် Proven Group နှင့် ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Proven Distribution Co., Ltd. တို့မှ ဝန်ထမ်းများအတွက် ကျင့်ဝတ်စည်းကမ်းဆိုင်ရာ အသိပညာပေးသင်တန်း (Code of Conduct Awareness Training) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ Management Level မှ (၁) ဦးနှင့် Non-Managerial Level မှ ဝန်ထမ်း (၂၉) ဦး၊ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပြီး ကျား/မ အချိုးအစားအရ ကျား (၂၁) ဦးနှင့် မ (၉) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် Proven Group နှင့် ညီနောင်ကုမ္ပဏီများ၌ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တာဝန်ယူမှုရှိစွာ၊ ကျင့်ဝတ်နှင့်အညီ၊ ကျွမ်းကျင်ပီပြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သိရှိလိုက်နာသင့်သည့် ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများနှင့်အတူ အောက်ပါအကြောင်းအရာများကို အသိပညာပေး မျှဝေဆွေးနွေးခဲ့ပါသည်။

၁။ Proven Group နှင့် ညီနောင်ကုမ္ပဏီများတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ မဖြစ်မနေ သိရှိလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊
၂။ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှုနှင့် အတွင်းသတင်းအချက်အလက်ကို အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်မှု၊
၃။ ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊
၄။ အကျိုးစီးပွားပဋိပက္ခ၊
၅။ အလုပ်သမားအခွင့်အရေးများ၊
၆။ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းများနှင့် ကုမ္ပဏီကိုယ်စားပြုမှု၊
၇။ ကျင့်ဝတ်စည်းကမ်းချိုးဖောက်မှုများအား တိုင်ကြားခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်းတို့ကို အဓိကထား မျှဝေဆွေးနွေးခဲ့ပါသည်။

ယခုသင်တန်းမှတစ်ဆင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ကျင့်ဝတ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့် လိုက်နာရမည့် အပြုအမူစံနှုန်းများ ကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်လာစေရန်နှင့် မိမိတို့၏ နေ့စဉ်လုပ်ငန်းတာဝန်များတွင် လက်တွေ့လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်ပါသည်။

Proven Group သည် အုပ်စုဝင်ကုမ္ပဏီများအားလုံးတွင် အပြန်အလှန်လေးစားမှု၊ ပွင့်လင်းမြင်သာမှု၊ ဘေးကင်းလုံခြုံမှုနှင့် တာဝန်ယူမှု တို့ကို အခြေခံသည့် ကောင်းမွန်သော လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်တစ်ရပ် ပိုမိုခိုင်မာလာစေရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုကျင်းပပြုလုပ်သည့် Code of Conduct Awareness Training သည် Proven Group of Companies အတွင်း တတိယအကြိမ်မြောက် ကျင်းပပြုလုပ်သည့် သင်တန်းဖြစ်ပြီး၊ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု တတိယအကြိမ်သင်တန်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဝန်ထမ်းများအကြား ကျင့်ဝတ်စည်းကမ်းဆိုင်ရာ အသိပညာနှင့် နားလည်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ အခြားသက်ဆိုင်ရာ ညီနောင်ကုမ္ပဏီများတွင်လည်း အဆိုပါအသိပညာပေးသင်တန်းများကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။