World Environment Day 2026 အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း

ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် Proven Group of Companies နှင့် ညီနောင် ကုမ္ပဏီများပူးပေါင်း၍ စုပေါင်းသစ်ပင်စိုက်ပွဲကို ကျင်းပခဲ့ပါသည်။

ယခင်နှစ်များတွင် ပြင်ပ Public Area များ၌ နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ပြီး သစ်ပင်ပန်းမာန်များ၊ အရိပ်ရအပင်များ စိုက်ပျိုးပေးခြင်းသာမက အများပြည်သူ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အလှူဒါနနှင့် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ယခု ၂၀၂၆ ခုနှစ်တွင် နှစ် (၃၀) ပြည့်မြောက်ခဲ့ပြီးဖြစ်သည့် Proven Technology Industry Co., Ltd. ၏ တည်ဆောက်ဆဲ စက်ရုံအမှတ် (၃) ၏ အရှေ့မျက်နှာစာတွင် ညီနောင်ကုမ္ပဏီများအားလုံး စုပေါင်း၍ သစ်ပင်စိုက်ပျိုးခြင်းကို မိမိတို့၏ လုပ်ငန်းခွင်ပတ်ဝန်းကျင် ပိုမိုစိမ်းလန်းစိုပြေကာ သာယာလှပသည့် အလုပ်ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်စေရန် ရည်ရွယ်၍ Internal CSR အစီအစဉ် အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

Proven Group ၏ အဓိကရေသောက်မြစ်ဖြစ်သည့် Manufacturing Sector ဖြစ်သည့် အားလျော်စွာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ Renewable Energy အသုံးပြုမှုကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ကာ Solar Energy System များကို စက်ရုံများနှင့် ရုံးခန်းများတွင် တပ်ဆင်အသုံးပြုခဲ့ပြီး Carbon Footprint ကို (၁၉၂ တန်) ခန့် လျော့ချနိုင်ခဲ့ပါသည်။ ထိုဆောင်ရွက်ချက်များကိုလည်း Proven Group ၏ Sustainability Report များတွင် ထည့်သွင်းဖော်ပြထားကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကုမ္ပဏီ၏ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝန်ထမ်းများ အားလုံးအနေဖြင့် လုပ်ငန်းတွင် သတ်မှတ်ထားသော Environmental & Sustainability ဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်သွားကြမည်ဖြစ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်တွင် ပါဝင်ပေးကြသည့် Proven Group of Companies Ltd. နှင့် ညီနောင်ကုမ္ပဏီ အသီးသီးမှ Executive Directors များ၊ Management Team များနှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။