Team Celebration Gala FY @2025-2026 & 30th Year Anniversary of Proven Technology Industry Co., Ltd.
Proven Group of Companies နှင့် ညီနောင်ကုမ္ပဏီအသီးသီးတို့ရှိ Proven မိသားစုဝင်များ အတွက် နှစ်စဉ်စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိသည့် Team Celebration Gala @ FY 2025-2026 နှင့်အတူ TOYO & Lion အမှတ်တံဆိပ် ဘတ္တရီများကို ထုတ်လုပ်လျက်ရှိသော Proven Technology Industry Co., Ltd. ၏ နှစ် (၃၀)ပြည့်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၀) ရက်နေ့၊ စနေ့နေ့တွင် City Golf Swimming Pool & Restaurant ၌ပြုလုပ် ကျင်းပပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ Proven Group of Companies Ltd. နှင့် ညီနောင်ကုမ္ပဏီအသီးသီးမှ ဒါရိုက်တာအဖွဲ့ဝင် မိသားစုများ၊ အကြံပေးပုဂ္ဂိုလ်များတက်ရောက်ခဲ့သည့်အပြင် Proven နှင့် ယခင် (၁၀) နှစ်ကျော်သက်တမ်းတာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းဟောင်းများပါ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် TOYO Battery ကို စတင်မွေးဖွားခဲ့သော ကွယ်လွန်သူ Managing Director ဦးအုန်းလွင်အား ဂါရဝပြုခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့ပြီး Proven Technology Industry Co., Ltd. ၏ နှစ် (၃၀)ပြည့်ကို ဂုဏ်ပြုသော အစီအစဉ်များ၊ လုပ်သက်နှစ် (၂၀)ပြည့်ဝန်ထမ်းများကို အမှတ်တရ ဂုဏ်ပြုရွှေလက်စွပ်များ ချီးမြှင့်ခြင်း၊ ကုမ္ပဏီအသီးသီးမှ ထူးချွန်ဆုရ ဝန်ထမ်းများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းတို့အပြင် ဝန်ထမ်းများအားလုံး ပျော်ရွှင်စိတ်လှုပ်ရှားစေမည့် Lucky Draw အစီအစဥ်နှင့် အတူ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့ ပွဲဖြစ်မြောက်ရေးအတွက် အတူတူပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အဖက်ဖက်မှ တာဝန်ရှိသူများနှင့် Proven Group of Companies အပါအဝင်ညီနောင်ကုမ္ပဏီမှ မိသားစုဝင် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
ယခုနှစ်သည် TOYO & Lion အမှတ်တံဆိပ် ဘတ္တရီများကို ထုတ်လုပ်လျက်ရှိသော Proven Technology Industry Co., Ltd. ၏ နှစ် (၃၀)ပြည့်သည့် နှစ်တစ်နှစ်လည်းဖြစ်သလို့ Proven Group ၏ CEO ဦးသန်းထိုက်လွင်သည်လည်း လုပ်သက်နှစ် (၂၀)ပြည့်သည့် ထူးခြားသည့်နှစ်တစ်နှစ် ဖြစ်ကြောင်းဂုဏ်ယူစွာဖြင့် ဖော်ပြအပ်ပါသည်။











































