Supervisory Factory Tour @2025 Event

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် Proven Group of Companies နှင့် ညီနောင် ကုမ္ပဏီများဖြစ်ကြသည့် Proven Technology Industry Co., Ltd. ၊ Proven Distribution Co., Ltd.၊ Proven Poly world Co., Ltd. နှင့် Yangon Metal Industry Co., Ltd. တို့မှ ကြီးကြပ်ရေး အဆင့် ဝန်ထမ်းများ (Supervisor Level) အကြား ရင်းနှီး နွေးထွေးမှု့ ပိုမိုရရှိလာစေရန်၊ တစ်ဦးချင်းစီ၏ လုပ်ငန်းသဘောသဘာဝနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မတူညီသည့်လုပ်ငန်းခွင်များတွင် ကွဲပြားသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရင်း တစ်ဦးပေါ်တစ်ဦး အထောက်အပံ့ပေးလျက်ရှိသည်ကို သိရှိနားလည်နိုင်ကြစေရန် ရည်ရွယ်၍ Supervisory Factory Tour @2025 ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Factory Tour တွင် TOYO & Lion Battery များထုတ်လုပ်သည့် Proven Technology Industry Co., Ltd. ၊ ဘတ္တရီအိုးခွံများ (Container) များကို ထုတ်လုပ်လျက်ရှိသည့် Proven Poly world Co., Ltd. နှင့် ဘတ္တရီအိုးဟောင်းများမှ ခဲသတ္တုအရည်ကျိုလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည့် Yangon Metal Industry Co., Ltd. တို့၏ စက်ရုံများသို့ သွားရောက် လေ့လာခဲ့ကြပါသည်။
Supervisory Factory Tour @2025 တွင် ရှင်းလင်းပြောကြားပေးကြသော ကုမ္ပဏီ အသီးသီးမှ စက်ရုံမှူးများ၊ ထုတ်လုပ်မှု လုပ်ငန်းစဉ် (Production Process) များကို လိုက်လံ ရှင်းလင်းပြသပေးပါသည့် ထုတ်လုပ်ရေး မန်နေဂျာများ (Production Managers) များနှင့်လေ့လာရေး ခရီးစဥ်တွင် လိုက်ပါခဲ့ကြသည့် Proven မိသားစုဝင်များ၊လမ်းညွှန်ပံ့ပိုးမှုများ ပြုပေးခဲ့သည့်အကြီးအကဲများအားလုံးကို အထူးပင်ကျေးဇူးတင် ရှိကြောင်း ဖော်ပြအပ်ပါသည်။