International Lead Poisoning Prevention Week @2025 အထိမ်းအမှတ် ခဲဆိပ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
Proven Group of Companies Ltd. သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၅) ရက်နေ့အထိ နိုင်ငံတကာခဲအဆိပ်သင့်ကာကွယ်ရေးရက်သတ္တတစ်ပတ်လှုပ်ရှားမှု (International Lead Poisoning Prevention Week @2025) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် TOYO & Lion အမှတ်တံဆိပ် ဘတ္တရီများကို ထုတ်လုပ်လျက်ရှိသော Proven Technology Industry Co., Ltd. ၏ စက်ရုံတွင် လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် စွန့်ပစ်ဘက္ထရီအိုးဟောင်းများမှ ခဲသတ္တုအရည်ကျိုလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည့် Yangon Metal Industry Co., Ltd. ၏ စက်ရုံတွင်လည်းကောင်း လုပ်ငန်းခွင်တွင် ခဲဆိပ်သင့်မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကိုဟောပြောခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွန်ချက်များနှင့်အညီ ဟောပြောဆွေးနွေးခဲ့ ကြပါသည်။









