နေပြည်တော်ရှိ လူမှုအကျိုးပြု အသင်းများသို့ လှူဒါန်းခြင်း
"Proven Group of Companies Limited နှင့် ညီနောင်ကုမ္ပဏီများဖြစ်ကြသည့် Proven Distribution Co., Ltd. နှင့် Proven International Co., Ltd. တို့ပူးပေါင်း၍ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ လူမှုအကျိူးပြုအသင်းအဖွဲ့များဖြစ်ကြသော ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှုအကျိုးဆောင် လူငယ်များအသင်း၊ ဒို့လယ်ဝေးပရဟိတအသင်းနှင့် မိုးစေတနာပရဟိတအသင်း တို့အား လူမှုအကျိုးပြုလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်နေသော မော်တော်ယာဉ်များအတွက်လိုအပ်သော၊ မိမိတို့ Company မှ လက်ရှိထုတ်လုပ်ဖြန့်ချီရောင်းချလျှက်ရှိသည့် TOYO Battery၊ STATES အင်ဂျင်ဝိုင် နှင့် စက်ဆီချောဆီများ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၇)သိန်းနှင့်ညီမျှသောပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို (၂၄ ရက်နေ့၊ အောက်တိုဘာလ၊ ၂၀၂၅) ရက် (သောကြာနေ့) တွင် ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှုအကျိုးဆောင် လူငယ်များအသင်း၏ ရုံးတည်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။"







