ပွင့်သစ်စ | မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ| ၂၀၂၄ တွင် Proven Group of Companies Limited က အဆင့် (၉) ရရှိခြင်း။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ ကော်ပိုရိတ်ထုတ်ဖော်ကြေညာမှု (Corporate Disclosure) နှင့် ပွင့်လင်းမြင်သာမှု (Transparency) တိုးမြှင့်ရန် ရည်ရွယ်သည့် "ပွင့်သစ်စအစီရင်ခံစာ" တွင် Proven Group of Companies Limited သည် ၂၀၂၄ ခုနှစ် အဋ္ဌမအကြိမ်မြောက်အစီရင်ခံစာ၌ ထိပ်တန်း ၁၀ အတွင်း ပါဝင်ကာ အဆင့် (၉) ရရှိခဲ့ပြီး ၎င်း၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance) နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability) ဆိုင်ရာ ကြိုးပမ်းချက်များကို ထင်ဟပ်စေခဲ့ပါသည်။
Proven Group သည် ပွင့်သစ်စအစီရင်ခံစာ၏ အကဲဖြတ်မှုတွင် နှစ်အလိုက် အောက်ပါအတိုင်း ရရှိခဲ့သည် -
• ၂၀၁၉ - အဆင့် ၃၃
• ၂၀၂၀ - အဆင့် ၁၈
• ၂၀၂၂ - အဆင့် ၁၃
• ၂၀၂၄ - အဆင့် ၉ (ကုမ္ပဏီ ၂၅၄ ခုအနက်)

ခိုင်မာသောကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ဒါရိုက်တာအဖွဲ့နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ထိရောက်သော ဆုံးဖြတ်ချက် ချမှတ်နိုင်မှု၊ စီမံခန့်ခွဲမှုစနစ်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ လုပ်ဆောင်ချက်များအဖြစ် Sustainability Reporting ကို ပုံမှန်ထုတ်ပြန်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုအကျိုးပြုလုပ်ငန်း များကို အလေးထား ESG (Environmental, Social, Governance) စံနှုန်းများနှင့်အညီ ဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ ရင်းနှီးမြှုပ်နှံသူများ၊ ဝန်ထမ်းများနှင့် အများပြည်သူအတွက် အချက်အလက်များကို ရှင်းလင်းစွာ မျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းများမှတဆင့် ယခုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။

Proven Group အနေဖြင့် ဤအောင်မြင်မှုသည် ဝန်ထမ်းများ၊ စီမံအုပ်ချုပ်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မိတ်ဖက် အဖွဲ့အစည်းများ အားလုံး၏ ပူးပေါင်းကြိုးပမ်းမှု၏ ရလဒ်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်သော စီးပွားရေး ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ညီနောင်ကုမ္ပဏီတစ်ခုချင်းစီ၏ Annual Report သီးခြားစီထုတ်ဝေနိုင်စေရန်နှင့် Website တွင် ပြည့်စုံစွာပေါ်လွင်မှုရှိစေရန်အတွက် ညီနောင်ကုမ္ပဏီအသီးသီးတို့၏ တာဝန်ခံ Managing Director များက ကူညီဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

၂၀၂၄ ခုနစ် ပွင့်သစ်စ အစီရင်ခံစာအား လေ့လာဖတ်ရှုရန် -


https://pwintthitsa.org/media/pdf/Pwint%20Thit%20Sa%202024_Final_English.pdf