
ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း
"Yangon Metal Industry Co., Ltd. အနေဖြင့် ကုမ္ပဏီ၏ စက်ရုံတည်ရှိရာ မြောင်းတကာစက်မှုဇုန်အနီး မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံသို့ (၉.၄.၂၀၂၅)ရက်နေ့တွင် ဆေးရုံသုံးအထောက်အကူပြုပစ္စည်း စုစုပေါင်းတန်ဖိုးငွေ ကျပ် (၆,၃၉၃,၀၀၀)တိတိကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ မျှဝေခြင်းသည်မေတ္တာဆိုသည့်အတိုင်း လိုအပ်နေသည့် နေရာများသို့ တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီခွင့်ရရှိခဲ့သည့်အတွက် ဝမ်းသာပီတိ ဖြစ်ရပါသည်။ (၇)ရက်သားသမီးများ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။"

