Proven Group ၏ ရေဘေးအလှူ

"လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်ကြောင့် နေပြည်တော်၊ အေလာနှင့် လယ်ဝေးမြို့ ကယ်ဆယ်ရေး စခန်းအသီးသီးသို့ရောက်ရှိနေကြသည့် ရေဘေးသင့်ပြည်သူများအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Proven Group of Companies Limited မှ T Shirt အထည် (အရေအတွက် ၂,၀၀၀)ကို လည်းကောင်း၊ Proven Distribution Co., Ltd ၏ မန္တလေးရုံးခွဲရှိ ဝန်ထမ်းမိသားစုများမှ စုပေါင်း၍ မန္တလေးတိုင်းဒေသကြီး၏ တံတာဦး၊ မြစ်ငယ်၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သားမှာရှိသည့် ရေဘေးသင့်ပြည်သူများအတွက် လူအယောက် (၄၀၀)စာ အဟာရဒါနနှင့်အတူ ရေသန့် ခေါက်ဆွဲခြောက်ထုတ် အဝတ်ထည်နှင့် ဆေးဝါးများကို ချမ်းသာသုခပရဟိတအဖွဲ့နှင့်တူတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြသည့် အမှတ်တရပုံရိပ်များကို အားလုံး သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်နှင့် Proven Group of Companies မှ ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းဝေးကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Add a Comment

Your email address will not be published.