
World Safety Day @ 2025
ကမ္ဘာတစ်လွှားတွင် လုပ်ငန်းခွင်အသီးသီး၌ လုပ်ကိုင်နေသူများသည် ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းခွင် အခြေအနေများတွင် လိုပ်ကိုင်နေရခြင်းအပါအဝင် လုပ်ငန်းနှင့် လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ် များကြောင့် နေ့စဉ် (၇,၅၀၀) ခန့်သေဆုံးနေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO)က ထုတ်ပြန်ထားပါသည်။
Proven Group of Companies သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု့ စနစ် ISO 45001 ကို ရယူထားပြီး Group of Companies ၏ လုပ်ငန်းခွင်အသီးသီးအား ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် တည်ဆဲဥပဒေပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျှက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ၊ (၂၈) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့်ကျန်းမာရေးနေ့ (World Day for Safety and Health at Work) အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် Proven Group of Companies အနေဖြင့် လည်ကောင်း ညီနောင်ကုမ္ပဏီများဖြစ်သည့် Proven Technology Industry Co., Ltd၊ Proven PolyWorld Co., Ltd နှင့် Yangon Metal Industry Co., Ltd တို့သည်လည်းကောင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့ဆိုင်ရာ အထိမ်းအမှတ်ဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ထို့အပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းများ တက်ရောက် အောင်မြင်သူများအား အသိမှတ်ပြု သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ခြင်း၊ အခန်းအနား တက်ရောက်လာသူများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ညာဏ်စမ်းများ ဖြေဆိုခြင်း၊ အဖြေမှန်သူများအား အမှတ်တရလက်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

