
World Environment Day 2025 အခမ်းအနားကျင်းပခြင်း
ဇွန် ၅၊ ၂၀၂၅ နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (World Environment Day 2025) အထိမ်းအမှတ်အဖြစ် Proven Group of Companies နှင့် ညီနောင်ကုမ္ပဏီများပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမက (၈)မူလွန်ကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာရေးဆိုင်ရာ CSR လုပ်ငန်းများအဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအား ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ Proven Group of Companies ၏ Group CEO ဦးသန်းထိုက်လွင် ဦးဆောင်ပြီး သက်ဆိုင်ရာ ညီနောင် ကုမ္ပဏီများမှ Managing Director များ၊ Director များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး (Sustainable Development) ကို အထောက်အကူပြုရန်နှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် Proven Group သည် ကျောင်းဝင်းအတွင်း ရာသီဥတုဒဏ်ခံနိုင်ပြီး အရိပ်ရသော သစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ကျောင်းသားများအရိပ်ရနားနေနိုင်စေရန်နှင့် သန့်ရှင်းလှပသော ပတ်ဝန်းကျင်ဖြစ်စေရန် ခိုင်ခံ့သည့်အုတ်ခုံများပြုလုပ်ပေးခဲ့ခြင်း၊ အပင်များရေလောင်းရာတွင် လိုအပ်သည့် PVC ပိုက်လှူဒါန်းခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများကို အမှတ်တရ လက်ဆောင်အဖြစ် အလှပန်းပင်များကို ပေးအပ်ခဲ့ပါသည်။

