World Environment Day 2024 အခမ်းအနားကျင်းပခြင်း

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာကြီးပူနွေးလာမှု လျော့ချပေးနေစေရန် ဆောင်ရွက်ချက််ဖြင့်လည်းကောင်း၊ ကျောင်းပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးနှင့် ကုမ္ပဏီအဖွဲ့စုတစ်ခု၏ အရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ် (Sustainable Program) တစ်ရပ်အဖြစ်ရှိစေရေး ရည်ရွယ်ချက်များဖြင့် Proven Group of Companies က ဦးဆောင်၍ ညီနောင်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်လျက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အခမ်းအနား(World Environment Day Event)အား 5th June, 2024 ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အ.မ.က (၈) မူလွန်ကျောင်းတွင်ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် Proven Group of Companies ၏ CEO ဖြစ်သူ ဦးသန်းထိုက်လွင်က အမှတ်တရ အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသည့် သက်ဆိုင်ရာ ညီနောင်ကုမ္ပဏီများမှ အုပ်ချုပ်မှုဒါရိုက်တာများ၊ အလုပ်မှုဆောင်ဒါရိုက်တာများက အမှတ်တရအမှာစကားများ ပြောကြားခဲ့ပြီး ကျောင်းပတ်ဝန်းကျင်တွင် အရိပ်ရအပင်များဖြစ်သည့် စိန်ပန်း၊ ခရေ၊ ထိုင်ဝမ်ဗန်ဒါနှင့် ငုဝါပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

တစ်ဆက်တည်းမှာပင် ကျောင်း၏ အခြေခံအဆောက်အဦးပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် သိန်း (၂၀) ကျပ် တန်ဖိုးနှင့်ညီမျှသော အဝင်လျှောက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ သောက်ရေခန်းအား ကွန်ကရစ် ထပ်မံမြှင့်တင်ခြင်း၊ အိမ်သာခန်းများ အတွင်းအပြင်ဆေးသုတ်ခြင်းနှင့် ပြုပြင်ခြင်း၊ ရေပိုက်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

Talk With Us

(+95-1) 701 719