World Day for Safety and Health at Work @2026

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ (၂၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့ (World Day for Safety and Health at Work) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Proven Group of Companies နှင့် ညီနောင်ကုမ္ပဏီများဖြစ်ကြသည့် Proven Technology Industry Co., Ltd၊ Proven Distribution Co., Ltd.၊ Proven Polyworld Co., Ltd နှင့် Yangon Metal Industry Co., Ltd တို့တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့ဆိုင်ရာ အထိမ်းအမှတ်ဟောပြောပွဲများ၊ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်းနှင့် သရုပ်ဖော် Video များ၊ Game Plan များ၊ ဗဟုသုတ ညာဏ်စမ်းများ ဖြေဆိုခြင်းဖြင့် အုပ်စုလိုက် ပြိုင်ပွဲများပြုလုပ်ကာ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားများကို စက်ရုံများနှင့် ရုံးများတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

Proven Group of Companies နှင့် ညီနောင်ကုမ္ပဏီများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ် ISO 45001 ကို လိုက်နာကျင့်သုံးလျက်ရှိကာ လုပ်ငန်းခွင်အသီးသီးတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် တည်ဆဲဥပဒေပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျှက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။