၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပခြင်း

Proven Group of Companies မှ ဦးဆောင်၍ ညီနောင်ကုမ္ပဏီများနှင့်အတူ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို 28th June, 2025 (စနေနေ့)တွင် Toyo and Lion Battery ထုတ်လုပ်သည့် ရွှေပြည်သာစက်မှုဇုန် (၁)အတွင်းရှိ စက်ရုံတည်ရှိရာ Proven Technology Industry Co., Ltd. တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Proven Group အနေဖြင့် ယခုကဲ့သို့ ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ သည်မှာ (၃)ကြိမ်ပြည့်မြောက်ဖြစ်ပြီး သားငယ်/သမီးငယ် စုစုပေါင်း (၂၄၉) ဦးအတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ်သိန်း (၁၁၀) ကျော်တန်ဖိုးရှိ ကျောပိုးအိတ်၊ စာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို ပေးအပ်ခဲ့ ပါသည်။

Proven မိသားစုဝင်များ၏ ပညာရေးကဏ္ဍကို တစ်ထောင့်တစ်နေရာမှ ကူညီထောက်ပံ့ပေးနိုင်ခဲ့သည့် အတွက် များစွာဂုဏ်ယူဝမ်းမြှောက်သကဲ့သို့အခမ်းအနားသို့ တက်ရောက်ပေးခဲ့သည့် အမှုဆောင် ဒါရိုက်တာများ၊ ဝန်ထမ်းများနှင့် သားငယ်/သမီးငယ်လေးများအားလုံးကိုProven Group မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။