“၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဝန်ထမ်းများ၏ သား/သမီး ကျောင်းသားကျောင်းသူများအတွက်ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပခြင်း”

29th June, 2024 (စနေနေ့)၊ မွန်းလွဲ (၂:၃၀) နာရီအချိန်တွင် Proven Group of Companies မှ ဦးဆောင်၍ ညီနောင်ကုမ္ပဏီများနှင့်အတူ ကုမ္ပဏီဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများ၏ သားငယ်/သမီးငယ် (၂၃၄) ဦးတို့အတွက် စုစုပေါင်း- ကျပ်သိန်း (၁၅၀) တန်ဖိုးရှိ ကျောင်းသုံးပစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ မိုးကာနှင့် ထမင်းချိုင့်များ ပေးအပ်ခြင်းအခမ်းအနားကို Proven Technology Industry Co., Ltd (Toyo and Lion Battery) ၏ စက်ရုံအမှတ် (၂)တွင်် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်ပေးခဲ့သည့် အမှုဆောင်ဒါရိုက်တာများ၊ ဝန်ထမ်းများနှင့် သားငယ်/သမီးငယ်လေးများအားလုံးကို Proven Group မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

Add a Comment

Your email address will not be published.