“မြောင်းတကာ သံမဏိသံရည်ကျိုစက်မှုဇုန်တွင် အပန်းဖြေအားကစားကွင်းတစ်ခု လှူဒါန်းခြင်း”

Proven Group of Companies နှင့် ညီနောင်ကုမ္ပဏီများဖြစ်ကြသည့် Proven Technology Industry Co., Ltd၊ Yangon Metal Industry Co., Ltd တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာသံမဏိသံရည်ကျိုစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့တွင် ငွေကျပ် သိန်း (၁၁၀) အကုန်အကျခံကာ အပန်းဖြေအားကစားကွင်းတစ်ခုအတွက် ကျန်းမာရေးလေ့ကျင့်ခန်းသုံး ပစ္စည်းများ၊ ကလေးငယ်များကစားနိုင်ရန်ပစ္စည်းများ၊ အများပြည်သူနားနေနိုင်ရန်အတွက် ခုံတန်းများနှင့် အရိပ်ရအပင်များစိုက်ပျိုးခြင်း အစရှိသည်တို့ကို ပံ့ပိုးပေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့တွင် အပြီးသတ်အပ်နှံ လှူဒါန်းခဲ့ပါသည်။ စက်မှုမြို့ စီမံခန့်ခွဲရေးကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြပါသည်။"

Add a Comment

Your email address will not be published.