
Proven Group Of Companies မှ ဝန်ထမ်းမိသားစုများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်း
Proven ဝါလကင်းလွတ် သီတင်းကျွတ်ရက်မြတ် အခါသမယမှာ Proven Group Of Companies အတွင်းရှိ
ဝန်ထမ်းပေါင်း ( ၁,၀၀၀ ) ကျော်အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ( ၃၀၀ ) ကျော်တန်ဖိုးရှိ ဆန်၊ ဆီအခြေခံစားသောက်ကုန်များပံ့ပိုးပေးခဲ့ပါသည်။
Proven Group Of Companies အတွင်းရှိလုပ်ဖော်ကိုင်ဖက်မိသားစုဝင်များအားလုံး နှင့် Proven Group Of Companies မှဖြန့်ဖြူးလျှက်ရှိသော ထုတ်ကုန်ပစ္စည်းများအား ယုံကြည်စွာအားပေးကြတဲ့ ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း၊ စီးပွါးလာဘ်လာဘများတိုးပွါးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

