Proven Group ၏ ရေဘေးအလှူ
လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်ကြောင့် နေပြည်တော်၊ အေလာနှင့် လယ်ဝေးမြို့ ကယ်ဆယ်ရေး စခန်းအသီးသီးသို့ရောက်ရှိနေကြသည့် ရေဘေးသင့်ပြည်သူများအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Proven Group of Companies Limited မှ စုစုပေါင်းငွေကျပ် (3,500,000) နှင့် ညီမျှသော T Shirt အထည် (အရေအတွက် ၂,၀၀၀)ကို လည်းကောင်း၊ Proven Distribution Co., Ltd ၏ မန္တလေးရုံးခွဲရှိ ဝန်ထမ်းမိသားစုများမှ စုပေါင်း၍ မန္တလေးတိုင်းဒေသကြီး၏ တံတာဦး၊ မြစ်ငယ်၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သားမှာရှိသည့် ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း ငွေကျပ် (1,500,000) နှင့်ညီမျှသော လူအယောက် (၄၀၀)စာ အဟာရဒါနနှင့်အတူ ရေသန့် ခေါက်ဆွဲခြောက်ထုတ် အဝတ်ထည်နှင့် ဆေးဝါးများကို ချမ်းသာသုခပရဟိတအဖွဲ့နှင့်တူတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Proven International Co., Ltd အနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄)နှင့် (၁၅) ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်များ နှင့် နေပြည်တော်တိုင်းဒေသကြီးများတွင် ရေဘေးဒုက္ခခံစားခဲ့ရသော မိဘပြည်သူများအား စုစုပေါင်းငွေကျပ် (5,000,000)နှင့် ညီမျှသော လူဉီးရေ (၆၀၀) အတွက် မုန့် ၊ ရေသန့် ၊ အဝတ်အထည် ၊ ဆေးဝါး နှင့် အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ အသင်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း(MIA) နှင့် နေပြည်တော်မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (NACSAA) တို့၏ လူမှုကူညီရေးကိစ္စရပ်များတွင် တစ်သင်းလျှင် ကျပ် (၁၀)သိန်းကျပ်စီကိုလည်းကောင်း လှူဒါန်းခဲ့ကြသည့် အမှတ်တရပုံရိပ်များကို အားလုံးသာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်နှင့် Proven Group of Companies မှ ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းဝေးကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။