မြန်မာနိုင်ငံတွင်ပထမဦးဆုံး အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူ (Authorized Economic Operator) Importer (Level -1) အဖြစ် အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနား

Proven Technology Industry Co., Ltd သည် မြန်မာနိုင်ငံစက်မှုလက်မှုကဏ္ဍတွင် ရပ်တည်လာခဲ့သည့် နှစ်(၃၀)ခန့်ကာလအတွင်း မြန်မာနိုင်ငံ၏ ပထမဦးဆုံး အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operator) Importer (Level -1) အဖြစ် အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ခြင်းဖြစ်ပါသည်။ ယင်းအသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင်၊ UMFCCI (မင်္ဂလာခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

AEO ၏ ပထမအဆင့် ရည်ရွယ်ချက်ဖြစ်သည့် Internal Control ပိုင်းကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ စည်းကမ်းလိုက်နာမှု (Compliance) ဖြစ်/မဖြစ်ကို အဓိက စစ်ဆေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ကုမ္ပဏီ၏ လုပ်ငန်းခွင်အတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများ၊ ကုန်ကြမ်းတင်သွင်းခြင်း၊ ဝယ်ယူခြင်း၊ ကုန်ကြမ်းများကို စနစ်တကျထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းစသည့် စာရင်းအင်းဆိုင်ရာထိန်းသိမ်းရေးစနစ်ကို စစ်ဆေးမှုများ၊ အကောက်ခွန်ဦးစီးဌာန၏ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်မှုများ၊ ကုမ္ပဏီ၏ ပြင်ပသတင်းအချက်အလက်များအပေါ်စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်အတွက် အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအစီအစဉ် (AEO Program) ဖြစ်ပေါ်လာစေရန် အရင်းခံ အကြောင်းအရင်းတစ်ခုမှာ နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်များလုံခြုံရေး (International Supply Chain Security) ကို မြှင့်တင်ရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုလုံခြုံချောမွေ့စေရေးကို ဦးတည် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operator) Importer (Level -1) အဖြစ် အသိအမှတ်ပြုလက်မှတ်ရရှိခြင်း၏ အကျိုးကျေးဇူးအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ Green Channel ကို ရရှိခြင်း၊ တစ်လအတွင်း ဆိုင်းငံ့အခွန်ငွေပေးချေခြင်းစနစ် (Deferred Duty Payment System) ဖြင့် ဆောင်ရွက်ခွင့်ရရှိခြင်း၊ အကောက်ခွန်ဦးစီးဌာန၏ အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခံရခြင်းနှင့် အသိအမှတ်ပြုတံဆိပ် (Logo)ကို သတ်မှတ်ချက်များနှင့်အညီ တပ်ဆင်ဆောင်ရွက်ခွင့် ရရှိခြင်း စသည်တို့ကို ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပါသည်။

Proven Group of Companies အနေဖြင့် ညီနောင်ကုမ္ပဏီဖြစ်သည့် Proven Technology Industry Co., Ltd မှ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operator) Importer အဆင့် (၁)အဖြစ် အသိအမှတ်ပြုလက်မှတ်လုပ်ငန်းစဉ်ဆက်လျှောက်ရန် အကဲဖြတ်ပေးကြသည့် အကြီးအကဲများ၊ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိလူကြီးမင်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းစီးပွားရေးရာ ဝန်ကြီးနှင့်တကွ မြန်မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူးနှင့် အထူးဖိတ်ကြား ထားသော အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အနှစ်(၃၀)ခန့် ကာလတစ်လျှောက်လုံး Toyo and Lion Battery ကို အစဉ်တစ်စိုက် အားပေးခဲ့ကြသည့် Customer များ၊ Supplier ကြီးများနှင့် Shareholder များနှင့် ကုမ္ပဏီရေရှည်ရပ်တည်နိုင်စေရန် အထောက်အပံ့ပေးလျက်ရှိသည့် Proven မိသားစုဝင်များ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။