
မော်လမြိုင်ရုံးခွဲသစ် ဖွင့်လှစ်ခြင်း အခမ်းအနား
ယနေ့ ၂၀၂၅ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် Proven Distribution Co., Ltd. ၏ ရုံးခွဲတစ်ခုဖြစ်သည့် မော်လမြိုင်ရုံးခွဲသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို အစဉ်တစိုက်အားပေးခဲ့ကြသည့် Customer ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ Proven ၏ မိသားစုဝင်များနှင့်အတူ သိုက်သိုက်ဝန်းဝန်းကျင်းပပြုလုပ်ခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Proven မိသားစု၏ ထုတ်ကုန်များဖြစ်သည့် Toyo နှင့် Lion အမှတ်တံဆိပ် ဘက်ထရီများ၊ Toyo အမှတ်တံဆိပ် Lithium Iron ဘက်ထရီများ၊ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ စက်ဆီချောဆီများဖြစ်သည့် AISIN, STATES များအပြင် Renewable Energy နှင့် သက်ဆိုင်သော ကုမ္ပဏီမှ တရားဝင်ရောင်းချခွင့် ကိုယ်စားလှယ်အဖြစ် ရရှိထားသည့် Huawei Inverter, MARXON Inverter, JinKo Solar အစရှိသည့် ကုန်အမှတ်တံဆိပ်များနှင့် မိတ်ဆက်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါသည်။ ကြွရောက်ချီးမြှင့်ပေးကြသည့် ဧည်သည်တော်ကြီးများနှင့် ရုံးခွဲဖွင့်လှစ်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါသည်။

