
May Day CSR Activities
“မေလ (၁) ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Proven Group of Companies ၏ ညီနောင်ကုမ္ပဏီများဖြစ်ကြသော Proven Technology Industry Co., Ltd နှင့် Proven Poly World Industry Co., Ltd တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မေလ (၁)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာမွေမြို့ အလုပ်သမားဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံ (ကုတင် – ၅၀၀) တို့တွင် ဆေးကုသမှုခံယူလျက်ရှိသော အလုပ်သမားများ၊ ဝန်ထမ်းမိသားစုများ၊ လူနာများ၊ လူနာစောင့်များအတွက် လူဦးရေ (၈၀၀)စာ အဟာရဒါန (နေ့လည်စာ) လှူဒါန်းခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ပြုလုပ်ခဲ့ပါသည်။”

