ခဲဆိပ်အန္တရာယ်သတိပြုဘွယ် Campaign

Proven Group of Companies Limited ၏ "ခဲဆိပ်အန္တရာယ်သတိပြုဖွယ် Campaign" အား 3rd December 2024 ရက်နေ့တွင် ရန်ကုန်မြို့ရှိ Battery လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းခွင်များသို့သွားရောက်၍ ခဲနှင့်ပတ်သတ်သည့် အန္တရာယ်မဖြစ်ပွားစေရန်နှင့် ကြိုတင်သတိပြုကာကွယ်နိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များကို မျှဝေပေးခဲ့ကြပါသည်။

Proven Group of Companies သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ISO စံချိန်စံညွှန်း ISO 45001:2018 နှင့် အညီအထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိသည့်အပြင် မိမိတို့၏ လုပ်ငန်းနှင့်ပတ်သတ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အသိအမှတ်ပြု လက်မှတ် ISO စံချိန်စံညွှန်း ISO 14001:2015 နှင့် အညီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်လည်း အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိပါသည်။

လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျှက် ရှိပါသည်။