ကျင့်ဝတ်စည်းကမ်းဆိုင်ရာ အသိပညာပေးသင်တန်း – ဩဂုတ်လ ၂၀၂၅
Proven Group of Companies Ltd. သည် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် (Corporate Governance) ကို အကောင်အထည်ဖော်ကျင့်သုံးလျက်ရှိပြီး ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်နှင့်အညီ တာဝန်ယူမှုရှိစွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း Proven Group နှင့် အုပ်စုဝင်ကုမ္ပဏီများရှိ ဝန်ထမ်းများအတွက် ကျင့်ဝတ်စည်းကမ်းဆိုင်ရာ အသိပညာပေးသင်တန်း (Code of Conduct Training) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းတွင် Proven ၌ လုပ်ငန်းတာဝန်များကို တာဝန်ယူမှုရှိရှိ၊ ကျင့်ဝတ်နှင့်အညီ၊ ကျွမ်းကျင်ပီပြင်စွာ ထမ်းဆောင်ရမည့် နည်းလမ်းများအပြင်
၁) Proven Group နှင့် ညီနောင်ကုမ္ပဏီများတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် မဖြစ်မနေ သိရှိလိုက်နာရမည့်အချက်များ၊
၂) အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှုနှင့် အတွင်းသတင်းအချက်အလက် အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်မှု
၃) ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု
၄) အကျိုးစီးပွားပဋိပက္ခ
၅) အလုပ်သမားအခွင့်အရေးများ
၆) ဝတ်စားဆင်ယင်မှုစည်းကမ်းနှင့် ကုမ္ပဏီကိုယ်စားပြုမှု
၇) ကျင့်ဝတ်စည်းကမ်းချိုးဖောက်မှုများကို တိုင်ကြားခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်း
စသည်တို့ကို အသိပညာပေး မျှဝေဆွေးနွေးခဲ့ပါသည်။
အဆိုပါသင်တန်းမှတစ်ဆင့် ဝန်ထမ်းများသည် လုပ်ငန်းခွင်ကျင့်ဝတ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့်လိုက်နာရမည့် အပြုအမူစံနှုန်းများကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်ခဲ့မည်ဟုလည်း ယုံကြည်ပါသည်။
Proven Group သည် အုပ်စုဝင်ကုမ္ပဏီများအားလုံးတွင် အပြန်အလှန်လေးစားမှု၊ ပွင့်လင်းမြင်သာမှု၊ ဘေးကင်းလုံခြုံမှုနှင့် တာဝန်ယူမှုရှိသည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ပါသည်။
ယခု ကျင့်ဝတ်စည်းကမ်းဆိုင်ရာ အသိပညာပေးသင်တန်းအား Group of Companies အတွင်း ဒုတိယအကြိမ်ထပ်မံကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ပထမအကြိမ် စတင် ကျင်းပ ပြလုပ်ခဲ့ပါသည်။


