ရေဘေးကယ်ဆယ်ရေးသုံးပစ္စည်းများ လှူဒါန်းခြင်း

Proven Group of Companies Ltd. ၏ ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Yangon Metal Industry Co., Ltd. အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ (၂၉) ရက်နေ့တွင် အများပြည်သူသုံးစွဲနိုင်စေရန်အတွက် ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးသုံးပစ္စည်းများဖြစ်သည့် အသက်ကယ်လှေ (၁)စီးနှင့် အသက်ကယ်အင်္ကျီ် (၆) ထည်ကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်နယ်မြေ၊ မီးသတ်စခန်းသို့ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အများပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းဝေးကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်။