
GTI (အင်းစိန်) သို့ Electric Tool Gun နှင့် လုပ်ငန်းခွင်သုံးဘေးအန္တရာယ် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများလှူဒါန်းခြင်း
Proven Group of Companies Ltd. သည် လူမှုအကျိုးပြုလုပ်ငန်း (CSR)များကို တတပ်တအား ပံ့ပိုးကူညီထောက်ပံ့လျက်ရှိသည့်အလျှောက် Government Technical Institute (အစိုးရစက်မှုလက်မှုသိပ္ပံ) - GTI အင်းစိန် သို့ ငွေကျပ် (၁၀) သိန်းကျော် တန်ဖိုးရှိ Electric Tool Gun များနှင့် လုပ်ငန်းခွင်သုံးဘေးအန္တရာယ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

