4th Annual General Meeting and Gala Dinner of Proven Group of Companies Ltd. (FY 2024-2025)

Proven Group of Companies ၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်စုံညီအစည်းအဝေးနှင့် နှစ်ပတ်လည်အစည်းအဝေးအထိမ်းအမှတ်ညစာစားပွဲကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၆ ရက် (စနေနေ့)တွင် ရန်ကုန်မြို့ ရှိ The Eravati Sule Grand Yangon Hotel, Gallery 1+2, Level-1 ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ Proven Group of Companies ၏ အစုရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အကြံပေးပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး ညစာစားပွဲကို Proven Group ၏ မိသားစုဝင်များ၊ ညီနောင်ကုမ္ပဏီမှ Board of Directors များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညစာစားပွဲအား ဖျော်ဖြေရေး အစီအစဉ်များနှင့် အတူ ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။