MSMES Product (Fortune Plaza Tharketa) 2018

20th Dec 2018 (ကြာသာပတေးနေ့) တွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပပြုလုပ်မည့် ‘မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း’၏  (၂၅)နှစ်ပြည့် ငွေရတုအခန်းအနားနှင့် နှစ်ပတ်လည်တွေ့ဆုံပွဲတွင် TOYO ဘက်ထရီ၏ မိခင်ကုမ္ပဏီဖြစ်သော ‘Proven Group of Companies’ မှ ‘Silver Sponser’အဖြစ် ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါသည်။

၃)ကြိမ်မြောက် Myanmar Entrepreneurship Summit ၏ Gala Dinner and Award 2018 ပွဲသို့ တက်ရောက်ချီးမြင့်ကြသော နိုင်ငံတော်အကြီးအကဲများ ၊ မြန်မာ့လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နှင့် ပွဲကိုအောင်မြင်အောင် ကျင်းပသွားခဲ့သော MYEA အဖွဲ့ဝင်များအား TOYO ၏ မိခင်ကုမ္ပဏီဖြစ်သော
‘Proven Group of Companies’ မှ အထူးကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူးကျင်းပသော (၃)ကြိမ်မြောက် Myanmar Entrepreneurship Summit  ပွဲကို 14th Dec 2018 (သောကြာနေ့)တွင် နေပြည်တော် ရှိ MICC (2) ခန်းမ၌ ပြုလုပ်ကျင်းပသွားပါမည်။

ထိုပွဲတွင် တက်ရောက်လာသော မြန်မာ့လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား TOYO ၏ မိခင်ကုမ္ပဏီဖြစ်သော ‘Proven Group of Companies ‘ မှ ‘ ညစာ စားပွဲ’ ဖြင့် ဂုဏ်ပြုခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါသည်။

လူမှု့စီးပွား ဖွံ့ဖြိုးထွား စုပေါင်းဆောင်ရွက် တိုင်းပြည်အတွက် မြန်မာ့ကုန်သွယ်စီးပွားပွဲတော် (2018) တွင် TOYO ၏ Japanese Industrial Standards အရည်အသွေးပြည့် ပြည်တွင်းထုတ်ဘက်ထရီ ကို ဂုဏ်ယူစွာ ပြသခဲ့ပါသည်။

မြန်မာ့ကုန်သွယ်စီးပွားပွဲတော်(2018) ကို (1-12-2018) မှ (2-12-2018) ထိ (2)ရက်တိုင်တိုင် အင်းယား လိတ်ဟို တ ယ်ဝင်းအတွင်းရှိ Yangon Convention Center(YCC) တွင်  ကျင်းပသွားမှာ ဖြစ်ပြီး အခြား မြန်မာ့ထုတ်ကုန်များနှင့်အတူ TOYO ဘက်ထရီကို လာရောက်လေ့လာပါလို့ ဖိတ်ခေါ်လိုက်ပါသည်။

မြန်မာ့ပြည်တွင်းထုတ်ကုန်များပြပွဲကို (၄-၁-၂၀၁၉) မှ (၆-၁-၂၀၁၉) ထိ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ‘Made in Myanmar’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားပါမည်။ ထိုပွဲတွင် ပြည်တွင်းထုတ်ကုန်တစ်ခုဖြစ်သည့် TOYO ဘက်ထရီအနေဖြင့် နိုင်ငံတကာအရည်သွေးမီ ဘက်ထရီများအကြောင်းကို ရှင်းလင်းပြသပေးသွားမှာဖြစ်ပြီး TOYO ဘက်ထရီအပါအဝင် အခြားမြန်မာ့ပြည်တွင်းထုတ်ကုန်များစွာကိုလည်း လာရောက် လေ့လာကြည့်ရှု အားပေးကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။

  • 3
  • 2