Bribery and Anti-Corruption Policy

ANTI-CORRUPTION AND BRIBERY SAFEGUARDS

အဂတိလိုက်စားမှုတိုက်ဖျက်ရေး

၁။ ကုမ္ပဏီ၏အဂတိလိုက်စားမှု ဖြစ်ပွားနိုင်သော ကိစ္စများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ကုမ္ပဏီအတွင်း ဖြစ်ပွားခြင်း၊
(ခ) ကုမ္ပဏီပြင်ပတွင် ဖြစ်ပွားခြင်း။

၂။ ကုမ္ပဏီအတွင်း ဖြစ်ပွားမှုမှာ ကုမ္ပဏီတွင်း ဝန်ထမ်းအချင်းချင်းနှင့် ဝန်ထမ်းနှင့်စီးပွားရေးအကျိုးဆက်ရှိသူများအကြား ဖြစ်ပွားခြင်း ဖြစ်ပါသည်။ အဆိုပါ အကြောင်းခြင်းရာမှာ ဖြစ်ပွားရန် ခက်ခဲလှသော်လည်း ဖြစ်ပွားမှု ပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ဝန်ထမ်းများတွေ့ဆုံပွဲများတွင် ပြောကြားပြီး ဖြစ်ပွားပါက ထိရောက်စွာ အရေးယူခဲ့ပါသည်။

၃။ ကုမ္ပဏီပြင်ပတွင် ဖြစ်ပွားခြင်းမှာ ဌာနဆိုင်ရာများသို့ မတရား အခွင့်အရေး ရရှိရေးအတွက် ပေးကမ်းရခြင်းများ ဖြစ်ရာ သက်ဆိုင်ရာ ဌာနများနှင့် တာဝန်ရှိပုဂ္ဂိုလ်များသို့ ငွေကြေးပေးကမ်းခြင်း၊ သာမန်ထက် ပိုမိုသော လက်ဆောင်ပေးကမ်းခြင်းနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ကုမ္ပဏီမှ မတရား အခွင့်အရေး မပေးရန် တားမြစ်ထားပြီး ဖြစ်ပါသည်။ ယင်းကဲ့သို့ အခြေအနေ မဖြစ်ပေါ်နိုင်အောင် တတ်နိုင်သမျှ ၎င်းတို့နှင့် ဆက်ဆံရာတွင် ဌာနဆိုင်ရာများက ဖွင့်လှစ်ထားသော အင်တာနက်အပလီကေးရှင်းများ၊ ဘဏ်စာရင်းများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပုဂ္ဂိုလ်ချင်း တွေ့ဆုံဆက်ဆံမှုများကို ရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။