Employment Policy

EMPLOYMENT POLICY

၁ -ဝန်ထမ်းရေးရာမူဝါဒ

(၁) အရည်အသွေးမြင့် ကျွမ်ကျင်လုပ်သားနှင့် ဝန်ထမ်းများရရှိရေး၊
(၂) ကျွမ်ကျင်လုပ်သားများ ရေရှည်တည်တံံ့ရန်အတွက် ဆောင်ရွက်ရေး၊
(၃) ဝန်ထမ်းများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရေး၊
(၄) ဝန်ထမ်းများ၏ ကျန်းမာရေး စောင့်ရှောက်ခြင်းဖြင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊
(၅)အလုပ်သမားများ လုပ်ငန်းခွင်သာယာစေရေးအတွက် ဖန်တီးမှုများနှင့် ဆွဲဆာင်မှုများ ဆောင်ရွက်ရေး၊
(၆) အလုပ်သမားများ အနာဂါတ်ဘ၀ စိတ်ချနိုင်ရေးအတွက် ဆောင်ရွက်ရေး၊
(၇)နိုင်ငံတော်က ပြဋ္ဌာန်းထားသော အလုပ်သမားရေးရာ မူဝါဒများနှင့်အညီ ဆောင်ရွက်ရေး။

ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ

၂။ ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို အောက်ပါ ကျင့်ဝတ်နှင့် စည်းကမ်းများတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

(က) ဒါရိုက်တာနှင့် ဝန်ထမ်းများကျင့်ဝတ်သိက္ခာ(Code of Ethics) (နောက်ဆက်တွဲ -၁)
(ခ) ဝန်ထမ်းကျင့်ဝတ်(Code of Conduct) ( နောက်ဆက်တွဲ -၂)
(ဂ) အထွေထွေလုပ်ငန်းစည်းကမ်းများ(General Disciplines)( နောက်ဆက်တွဲ -၃)
(ဃ) ဌာနတွင်းစည်းကမ်းများ(Departmental Disciplines) ( နောက်ဆက်တွဲ -၄)

၃။ အထက်ပါ ကျင့်ဝတ်နှင့် စည်းကမ်းများကို အခါအားလျော်စွာ နိုင်ငံတော်အစိုးရ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သော ဥပဒေများ၊နည်းဥပဒေ၊ ညွှန်ကြားချက်များအရ ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။

၀န်ထမ်းများ/ အလုပ်သမားများ၏ရပိုင်ခွင့်များ

၄။ ဝန်ထမ်းများ/ အလုပ်သမားများ၏ အောက်ပါ ရပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
(က) ဝန်ထမ်းများ/ အလုပ်သမားများ၏ ရပိုင်ခွင့်များ
(ခ) လုပ်ခပေးရေးစည်းကမ်းချက်များ
(ဂ) ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ
(ဃ) လူမှုဖူလုံရေးအကျိုးခံစားခွင့်များ
(င) အငြိမ်းစားဝန်ထမ်းများခံစားခွင့်များ
(စ) အလုပ်သမားခန့်ထားရေးဆိုင်ရာမူဝါဒ
(ဆ) နစ်နာမှုကုစားရေး

၅။ အထက်အပိုဒ်ခွဲ ၄(က)ပါဝန်ထမ်းများ/အလုပ်သမားများ၏ ရပိုင်ခွင့်များမူဝါဒနှင့် အပိုဒ်ခွဲ ၄(စ) အလုပ်သမားခန့် ထားရေးဆိုင်ရာမူဝါဒများ၌အလုပ်သမားရပိုင်ခွင့်များ၊ အလုပ်ခန့်ထားရာတွင် လိင်ခွဲခြားမှု၊ အမျိုးဘာသာခွဲခြားမှု၊ အ သက် ၁၈ နှစ် ပြည့်သူတိုင်း အငြိမ်းစားအသက်အထိ ကာလအတွင်း အသက်အပိုင်းအခြား မခွဲခြားဘဲ တန်းတူ အလုပ် အကိုင်နှင့် အကျိုးခံစားခွင့်ပြုရန် ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

၆။ အထက် အပိုဒ်ခွဲ ၄(င)ပါ အငြိမ်းစားဝန်ထမ်းများခံစားခွင့်များမှာ လူမှုဖူလုံရေးအဖွဲ့က ခံစားခွင့်ပြုသော အငြိမ်းစား အကျိုးခံစားခွင့်မှာ သက်ရောက်မှု မရှိသေး၍ကုမ္ပဏီမှ ယာယီခွင့်ပြုထားခြင်း ဖြစ်ပါသည်။

၇။ အထက်အပိုဒ်ခွဲ ၄(ဃ)တွင် ဖေါ်ပြထားသော လူမှုဖူလုံရေးခံစားခွင့်များအနက် ကျန်းမာရေးစောင့်ရှောက်မှု၊ လုပ်ငန်းခွင်ထိခိုက်နစ်နာခြင်းအတွက် လျော်ကြေးကို လူမှုဖူလုံရေးအဖွဲ့က ထုတ်ပေးပြီး ဖြစ်ပါသည်။

၈။ အထက်ပါ ဝန်ထမ်းများ/ အလုပ်သမားများ၏ ရပိုင်ခွင့်အရပ်ရပ်ကို အောက်ဖေါ်ပြပါ အလုပ်သမားနှင့် အလုပ်ရုံ ဥပဒေများနှင့်အညီ ခွင့်ပြုထားခြင်း ဖြစ်ပါသည်။
(က) အလုပ်ခန့်ထားမှုကန့်သတ်ရေးဥပဒေ
(ခ) ကလေးသူငယ်များခိုင်းစေခြင်းနှင့် ပတ်သက်သောဥပဒေ
(ဂ) အခကြေးငွေပေးချေရေးဥပဒေ
(ဃ) အလုပ်ရုံများအက်ဥပဒေ
(င) အနည်းဆုံးအခကြေးငွေဥပဒေ
(စ) ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ ( The Leave & Holiday Act )
(ဆ) ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ ( The Shops & Factories Act )
(ဇ) အလုပ်သမားလျော်ကြေးဥပဒေ ( The Workers’ Compensation Act )
(ဈ) လူမှုဖူလုံရေးဥပဒေ ( Social Security Act )
(ည) ဝါဏိဇ္ဇပဋိပက္ခအက်ဥပဒေ ( The Trade Dispute Act )
(ဋ) အလုပ်သမားအစည်းအရုံးများအက်ဥပဒေ ( Trade Unions Act )