Author Archives: Proven Myanmar

Proven Group Of Companies မှ ဝန်ထမ်းမိသားစုများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်း

Proven ဝါလကင်းလွတ် သီတင်းကျွတ်ရက်မြတ် အခါသမယမှာ Proven Group Of Companies အတွင်းရှိ
ဝန်ထမ်းပေါင်း ( ၁,၀၀၀ ) ကျော်အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ( ၃၀၀ ) ကျော်တန်ဖိုးရှိ ဆန်၊ ဆီအခြေခံစားသောက်ကုန်များပံ့ပိုးပေးခဲ့ပါသည်။
Proven Group Of Companies အတွင်းရှိလုပ်ဖော်ကိုင်ဖက်မိသားစုဝင်များအားလုံး နှင့် Proven Group Of Companies မှဖြန့်ဖြူးလျှက်ရှိသော ထုတ်ကုန်ပစ္စည်းများအား ယုံကြည်စွာအားပေးကြတဲ့ ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း၊ စီးပွါးလာဘ်လာဘများတိုးပွါးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Proven Group of Companies AGM Gala Dinner

Proven Group of Companies ၏ ၂၀၂၂ - ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် စုံညီ အစည်းအဝေး အထိမ်းအမှတ် ညစာစားပွဲ အား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ရှိ Lotte Hotel , Sapphire Ballroom တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညစာစားပွဲသို့ Proven Group of Companies ၏ အစုရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ စုံလင်စွာတက်ရောက်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။



၇.၀၇.၂၀၂၃ ကျင်းပပြုလုပ်သော ရွှေပြည်သာမြို့နယ်ရှိ အမက (၂၄ )မူလတန်းကျောင်းတွင် စာသင်ခုံများ နှင့် ပညာရေး အထောက်အကူပြုပစ္စည်းများအတွက် စုစုပေါင်း တန်ဖိုး ကျပ် သိန်း (၅၀) အား ပံ့ပိုးလှူဒါန်း

TOYO နှင့် Lion Battery များ ထုတ်လုပ်ဖြန့်ချီလျှက်ရှိသည့် Proven Group of Companies ၏လူမှုအကျိုးပြုအစီအစဥ်တစ်ရပ်အနေဖြင့်ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ အမက (၂၄ )မူလတန်းကျောင်းတွင် စာသင်ခုံများ နှင့် ပညာရေး အထောက်အကူပြုပစ္စည်းများအတွက် စုစုပေါင်း တန်ဖိုး ကျပ် သိန်း (၅၀) အား ပံ့ပိုးလှူဒါန်းခဲ့ပါသည်။

ယနေ့ ၇.၀၇.၂၀၂၃ ကျင်းပပြုလုပ်သော အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ၊ အမက၂၄ ရွှေပြည်သာ မှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ Proven Group of Companies မှ CEO နှင့် သက်ဆိုင်ရာ ညီနောင် ကုမ္ပဏီများမှ Managing Directors များ ၊ Executive Directors များ နှင့် ဝန်ထမ်းများတက်ရောက်ခဲဲ့ကြပါသည်။

Proven Group of Companies ၏ CEO မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကျောင်းသူကျောင်းသားများ ပညာသင်ကြားရာတွင် ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ၊ လှူဒါန်းသည့် အဆောက်အဦပုံစံငယ်များ အား ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။”


၁၀.၆.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Proven Group of Companies ၏ Corporate Social Responsibility

TOYO and Lion Battery များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် Proven Group of Companies ၏ Corporate Social Responsibility တစ်ခုအနေဖြင့် ဝန်ထမ်းညီအကိုမောင်နှမများ၏ မူလတန်းမှ အထက်တန်းအထိ သားငယ် သမီးငယ်များအား ကျောင်းသုံးပစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ မိုးကာ နှင့် စတီးထမင်းချိုင့်များအား ပေးအပ်သည့်အခမ်းအနားအား ယနေ့ ၁၀.၆.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး Company ၏ CEO နှင့် တကွ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်လာသော ဝန်ထမ်းမိသားစုများအားလုံး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။”

Donation of Proven Group of Companies Limited

Proven Group of Companies Limited မှ ရွှေပြည်သာဆေးရုံ၊ တာမွေအလုပ်သမားဆေးရုံကြီး၊ အင်းစိန်ဆေးရုံများသို့ နေ့လည်စာအာဟာရဒါန အနေဖြင့် လူအယောက် (၇၅၀) စာ ထမင်း၊ဟင်းများဝေငှ လှူဒါန်းခြင်း

ပွင့်သစ်စ | မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု သတ္တမအကြိမ်မြောက် အစီရင်ခံစာ| ၂၀၂၂ တွင် Proven Group of Companies Limited က အဆင့် (၁၃) ရရှိခြင်း။

ဖေဖော်ဝါရီလ ၂၁၊၂၀၂၃။

ပွင့်သစ်စအစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီစီးပွားရေးလုပ်ငန်းများဆိုင်ရာ ကော်ပိုရိတ်ထုတ်ဖော် ကြေညာခြင်းနှင့်ပတ်သက်၍ ပြည့်စုံပြီးကျယ်ပြန့်မှုအရှိဆုံးဖြစ်သော အများပြည်သူဆိုင်ရာ အစီရင်ခံစာတစ်စောင် ဖြစ်ပါသည်။ ဤအစီရင်ခံစာကို ဖြစ်နိုင်ခြေရှိသည့် သက်ရောက်မှုများအား ကြိုတင်သိမြင်ရန် စစ်ဆေးခြင်း (Due diligence) ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများက ရည်ညွှန်းချက်တစ်ခုအနေဖြင့် ကိုးကားအသုံးပြုလျက်ရှိပါသည်။
ကျွန်ုပ်တို့ Proven Group of Companies Limited သည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများအား ဖော်ဆောင်လျက်ရှိသည့် ကုမ္ပဏီတစ်ရပ် ဖြစ်ပါသည်။ သို့ပါ၍ မြန်မာစီးပွားရေး လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်စေရန်နှင့် ပိုမိုကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုများ ဆောင်ရွက်လာစေရေးအတွက် တိုက်တွန်းအားပေးရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသော ပွင့်သစ်စ အစီရင်ခံစာတွင် ၂၀၁၉ ခုနှစ်မှစ၍ မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်အကဲဖြတ် အမှတ်ပေးမှုခံယူခဲ့ရာ ၂၀၁၉ ခုနှစ် တွင် အဆင့် ၃၃ အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၈ အဖြစ်လည်းကောင်း အသီးသီး သတ်မှတ်ဖော်ပြခြင်းခံခဲ့ရပါသည်။ ယခုနှစ် ၂၀၂၂ ခုနှစ် တွင်ထုတ်ပြန်သည့် သတ္တမအကြိမ်မြောက်အစီရင်ခံစာ တွင် ကုမ္ပဏီပေါင်း ၂၇၁ ခုအား ရွေးချယ်စစ်ဆေးခဲ့ပြီး၊ Proven Group of Companies Limited သည် အဆင့် ၁၃ အထိသို့ တက်လှမ်းရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။
Proven Group Of Companies သည် ကိုဗစ်ကာလနှင့် အခြားစီးပွားရေးစိန်ခေါ်မှုအခက်အခဲများကို Risk Management Awareness ဖြင့် ဒါရိုက်တာအဖွဲ့နှင့်စီမံအုပ်ချုပ်မှုအဖွဲ့တို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျော်လွှားခဲ့ပါသည်။ ထို့အပြင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေးအတွက် ပိုမိုခိုင်မာကောင်းမွန်သော ကော်ပိုရိတ် အစဉ်အလာ ဖန်တီးတည်ဆောက်ခြင်း၊ ထိရောက်မြန်ဆန်သော ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် ဖော်ဆောင် လုပ်ကိုင်ခြင်းတို့ကို အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ မျှော်မှန်းချက်များနှင့် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များ ဖော်ပြပါရှိသည့် ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာ အစီရင်ခံတင်ပြခြင်း (Sustainability reporting) ကိုလည်း Proven Group Of Companies ကုမ္ပဏီဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားရှိပါသည်။
ယခုကဲ့သို ပွင့်လင်းမြင်သာမှုကို ဆန်းစစ်သည့် “ပွင့်သစ်စအစီရင်ခံစာ ၂၀၂၂” တွင် အဆင့် (၁၃) နေရာတွင် အသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကော်ပိုရိတ်စီမံအုပ်ချုပ်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာနှင့် ပတ်သက်၍ အသိပညာပေးမှုများသည် ကျွန်ုပ်တို့၏ဝန်ထမ်းများ၊ စီမံအုပ်ချုပ်သူများအား လွှမ်းခြုံထားသည့် ကြိုးပမ်းမှုတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့နှင့်အတူ ပိုမိုကောင်းမွန်သော စီးပွားရေးရပ်ဝန်းနှင့်ရေရှည်တည်တံ့ခိုင်မြဲသော လူမှုပတ်ဝန်းကျင်ကောင်း ဖြစ်စေရေး အတူပူးပေါင်းပါဝင် ဆောင်ရွက်ကြပါသော ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်အပ်ပါသည်။ ဆက်လက်၍လည်းခိုင်မာသည့်ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်ရေရှည်တည်တံ့ခိုင်မြဲမှု၊ ပွင့်လင်းမြင်သာမှုတို့အပေါ် ထားရှိအပ်သော ကျွန်ုပ်တို့၏ ကတိကဝတ်ကိုဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပွင့်သစ်စအစီရင်ခံစာ ၂၀၂၂ ကို အောက်ပါ Link တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။

https://www.myanmar-responsiblebusiness.org/pdf/TiME/2022-Pwint-Thit-Sa_en.pdf

https://www.myanmar-responsiblebusiness.org/pdf/TiME/2022-Pwint-Thit-Sa_my.pdf